Friday, May 9, 2014

၂၀၁၄/၁၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့မှုအစီအစဉ် စတင်ပြီဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည် ..

ခင်မင်လေးစားရပါသော စေတနာရှင်များနှင့် မိတ်ဆွေများ အားလုံးကို "မင်္ဂလာပါ" လို့ နှုတ်ခွန်းဆက်သပါတယ်...

ကုသိုလ်အဖွဲ့နှင့် Lotus Foundation တို့၏ (၇ )နှစ်မြောက် ပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ်ကို ၂၀၁၄/၁၅ ပညာသင်နှစ်အတွက် စတင်တော့မည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ပထမဆုံး အသိပေးလိုတာကတော့ ၂၀၁၃/၁၄ ပညာသင်နှစ် အတွက် သူငယ်တန်းမှ ၉တန်းအထိ အောင်စာရင်းများ ထွက်ရှိပြီ ဖြစ်ပြီး ၁၀တန်းအောင်စာရင်းများကို စောင့်ဆိုင်းဆဲဖြစ်ပါသည်။ သူငယ်တန်းမှ ၉တန်း စုစုပေါင်းကျောင်းသား ၄၇၂ ဦးအနက်မှ ၁၅ ဦး ကျရှုံးခဲ့ပြီး အဖွဲ့၏ စည်းကမ်းအရ ဒုတိယအကြိမ် ကျရှုံးသော ကျောင်းသား/သူများကို ပညာသင်စရိတ်ထောက်ပံ့ခြင်း ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ ပညာသင်စရိတ် ထောက်ပံ့မှုကို လက်ခံရရှိသော ကျောင်းသားများသည် တစ်နှစ်တတန်း ပုံမှန်အောင်မြင်ရမည်ဖြစ်ပြီး ခိုင်မာသော အကြောင်းပြချက်ဖြင့် တစုံတခုကြောင့် ချွတ်ချော်ပြီး ပထမအကြိမ် ကျရှုံးသော ကျောင်းသားများကို အလှူရှင်မှလည်း သဘောတူပါက နောက်နှစ်တွက် ဆက်လက်ထောက်ပံ့ပေးပါသည်။ ကျောင်းသား/သူများ နှင့် ၄င်းတို့၏ အုပ်ထိန်းသူများအား အဖွဲ့၏ စည်းကမ်းများကို ကြိုတင်အသိပေး အကြောင်းကြားထားပြီးလည်းဖြစ်ပါသည်။

ယခုနှစ် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် အလှူငွေကောက်ခံမှုနှုန်းထားများကတော့ ယခင်နှစ်ကအတိုင်း
စာသင်နှစ် (၈)လကို (၂) လတစ်ကြိမ် (၄)ခါ ခွဲပြီး အောက်ပါနှုန်းထားများအတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။

မူလတန်း      - (၂) လအတွက် (S$ ၂၀)
အလယ်တန်း - (၂) လအတွက် (S$ ၃၀)
အထက်တန်း - (၂) လအတွက် (S$ ၄၀)
အလှူငွေကောက်မယ့်လတွေကတော့ မေလကုန်တစ်ကြိမ်၊ ဇူလိုင်လကုန်တစ်ကြိမ်၊ စက်တင်ဘာလကုန်တစ်ကြိမ်၊ နိုဝင်ဘာလကုန်တစ်ကြိမ်
ဆိုပြီး (၄)ခါ ခွဲပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ်။

ပညာသင်စရိတ် ထောက်ပံ့ကြေး လှူဒါန်းလိုသူများအတွက် အလှူငွေများကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။ ယခုနှစ်အတွက် ပထမအကြိမ် ထောက်ပံကြေးကို ဇွန်လဆန်းပိုင်း မှာ နောက်ဆုံးထားပြီး မြန်မာပြည်ဖက် လွှဲပြောင်းပေးဖို့ အတည်ပြုထားပါတယ်။

ယခုနှစ်တွင်လည်း ယခင်ပညာသင်နှစ်များ နည်းတူ exchange rate ကြောင့် ပိုထွက်လာသော အလှူငွေများနှင့် ထပ်ပေါင်းအလှူများအား စုပေါင်းပြီး ကျောင်းသား/သူ များကို ကျောင်းဝတ်စုံများ တဦးလျှင် ၃စုံစီ၊ စာရေးကိရိယာများ ဝေငှပေးသွားမည် ဖြစ်ပါသည်။

ဘိုကလေး မှ ထောက်ပံ့ထားသော
  မူလတန်း ၁၁ ဦး
  အလယ်တန်း ၄၁ ဦး
  အထက်တန်း ၂၄ ဦး
စုစုပေါင်း ၇၆ ဦး အတွက် ကျောင်းဝတ်စုံ၂၂၈ စုံ   အော်ဒါမှာ  ထားပြီးကြောင်း အသိပေးအပ်ပါတယ်။

ရရှိအလှူငွေ စုစုပေါင်းအပေါ် မူတည်၍ ထောက်ပံ့ ပေးမည့် ကျောင်းများနှင့် အရေအတွက်ကို ထပ်မံ အသိပေး ကြေငြာသွားမည် ဖြစ်ပါသည်။


ကျောင်းဝတ်စုံများ အောက်ပါအတိုင်း လှူဒါန်းရန် သတ်မှတ်ထားပါတယ် ။
မူလတန်း (ကျား) အတွက် - ရှပ် အကျီ င်္ နှင့် ဘောင်းဘီ  ၃စုံ
မူလတန်း (မ) အတွက်     - ဂါဝန် ၃ထည်
အလယ်တန်း၊ အထက်တန်း(ကျား) အတွက် - ရှပ်အကျီ င်္နှင့် လုံခြည် ၃စုံ
အလယ်တန်း ၊ အထက်တန်း(မ) အတွက် - မိန်းကလေးဝတ် အကျီ င်္နှင့် လုံခြည် ၃စုံ

လှူဒါန်းလိုသူများအနေဖြင့် ကလေးတဦးစီအတွက်သော်လည်းကောင်း မိမိဆန္ဒရှိသရွေ့သော်လည်းကောင်း အောက်ပါ နှုန်းထားများဖြင့် လှူဒါန်းနိုင်ကြပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ကလေး တဦး (ကျောင်းဝတ်စုံ ၃စုံနှင့် စာရေးကိရိယာများ) - 15 SGD
ကျောင်းဝတ်စုံ တစုံ - 3 SGD

ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် အောက်ပါ အဖွဲ့ဝင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်-
ကိုစော+မလဲ့  90688052
ကိုဇွဲသာဝင်း 81123818
မနေသူဝင်း  92351401
မနှင်းနု       96612557
ကိုကျော်မင်းထွန်း 93392270
ကိုတေဇာစိုး 96747077
မဖြူဖြူခိုင် 91893514
မခင်လတ်လတ်နိုင် 96225836
မိုးခါး 92393049

*အဖွဲ့မှ လက်ကျန် အလှူငွေများနှင့် ထပ်မံရရှိသော အလှူငွေများ စုပေါင်း၍ လှူဒါန်းသွားပါမည်.. *

အဆင်မပြေမှု တစုံတရာ ရှိခဲ့ပါက နားလည်ပေးပါရန် နှင့် သိရှိ မေးမြန်းလိုသည်များကို အဖွဲ့ဝင်များထံ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း အသိပေးလိုပါသည်။ကူညီလှူဒါန်းပေးကြသော အလှူရှင်များ အားလုံးနှင့် တကွ အဖက်ဖက်မှ ပံ့ပိုးမှုများပေးသော စေတနာရှင်များ အားလုံးကို ကုသိုလ်အဖွဲ့ မှ ကျောင်းသား/သူလေးများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ လိုအပ်ချက်များ၊ နှောင့်နှေး ကြန့်ကြာမှုများအတွက် အဆင်မပြေမှု အလိုမကျမှုများ ရှိခဲ့ပါက နားလည် ခွင့်လွှတ်ပေးပါရန် နှင့် ပွင့်လင်းစွာ အကြံဥာဏ်များ ပေးလိုပါက အဖွဲ့မှ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုနေပါကြောင်း အသိပေးပြောကြားလိုပါသည်။

ခင်မင်လေးစားစွာဖြင့်ကုသိုလ်အဖွဲ့ 
www.KuTho.Org
kutho-org.blogspot.com
https://www.facebook.com/KuTho.org
help2students@gmail.com (Facebook)

No comments:

Post a Comment