Saturday, June 2, 2012

မော်ကျွန်း ၀ါးခယ်မ ခရီးစဉ်

အဖွဲ့ဝင်တွေ မော်ကျွန်း ၀ါးခယ်မ နဲ့ ကွမ်းခြံကုန်းခရီးစဉ် ကို ၈-၅-၂၀၁၂ ညနေ ၆နာရီထွက်တဲ့ ရှပ်ပြေးရေယာဉ်နဲ့ စတင်ထွက်ခွာခဲ့ပါတယ် .. ထိုခရီးစဉ်ကို သွားရောက်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာပြည်ဘက်က ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးရတဲ့ သူတွေရဲ့ ခရီးဟာ ဘယ်လိုအခက်ခဲတွေနဲ့ ကြုံတွေ့ရတယ် ပင်ပန်းမှုတွေကြုံရတယ်ဆိုတာကို ကိုယ်တိုင်လဲသိပြီး အများကိုမျှဝေနိုင်ဖို့ ပြီးတော့ အထောက်ပံ့ခံ ကလေးတွေနဲ့ နယ်ဘက်ရဲ့ ကျောင်းအခြေအနေ လိုအပ်ချက်များ အ၀၀ကို သိနိုင်အောင်ပဲ ဖြစ်ပါတယ် .. ခရီးစဉ်အနေနဲ့ ကြည့်ရင် ရန်ကုန်မြို့နဲ့ သိပ်မဝေးလှပါဘူး .. ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ် .. အလွယ်တကူသွားချင်တိုင်း အဆင်ပြေမှုတွေ မရှိဘူးဆိုတာ သိလာပါတယ် ..

ပထမဆုံး ရှပ်ပြေးယာဉ်ဟာ ၆နာရီမှာ ရန်ကုန်ဆိပ်ကမ်းဘက်ကနေ စတင်ထွက်ခွာပါတယ် ..


လမ်းတလျှောက်မြင်ကွင်းများ













 မော်ကျွန်းမရောက်မှီ ကျုံကျိုက်သို့ အရောက်
ကလေးများအတွက် ကျောင်းစရိတ်သွားရောက်ပို့ပေးသူတွေဟာ အနီးနားရွာတွေကို သွားရမယ်ဆိုရင် ခုပုံထဲမှာ မြင်ရတဲ့ ပဲ့ထောင်လေးတွေနဲ့ ဆက်လက်သွားရပါတယ် ..




ပြီးခဲ့တဲ့ အခေါက်တွေက ဘိုကလေးသင်ကျောင်းဘက်တွေသွားမယ်ဆိုလို့ရှိရင် ဒီသဘောင်္ကို ပြန်စီးဖို့အတွက် ည ၈နာရီလောက်ကို ပြန်ထွက်လာရတယ် .. တကယ်လို့ ဒီသဘောင်္က ၁၀နာရီ ၁၁နာရီလောက်မှ ကပ်တယ် .. ဒီသဘောင်္က မော်ကျွန်းကို ပြန်သွားတယ် .. မော်ကျွန်းကို ဆက်သွားပြီး မော်ကျွန်းက ကလေးတွေကို ကျွန်တော်တို့ ပညာသင်ထောက်ပံ့ကြေးသွားပေးတယ် .. ဒီမှာ အမြဲတမ်း လာစောင့်ရတယ် .. ရွာကနေ ၈နာရီလောက် ပြန်ထွက်လာပြီး ဒီနေရာမှာ စောင့်ရတယ် .. ဒီသဘောင်္က ၁၀နာရီ တခါတလေ ၁၁နာရီလောက် ကပ်တယ် .. အချိန်ကတော့ မမှန်ဘူး .. ဒီဆိပ်ကမ်းလေးကလည်း ၁၀နာရီဆို မီးပျက်တယ် .. မီးပျက်ပြီဆို မှောင်သွားရော .. ဒါပေမယ့် ပျော်တော့ ပျော်စရာကြီးပါ .. သူငယ်ချင်းတွေနဲ့ ဆိုတော့ ဒီလိုပဲ .. (Lotus အဖွဲ့မှ)
 မြင်းကကုံးသို့ အရောက်

  အဖွဲ့ဝင်များ တည်းခိုခဲ့သော ဘုန်းကြီးကျောင်းတည်ရှိရာ ဘုရားစေတီဝင်း

မော်ကျွန်းကို ကျုံကျိုက်နဲ့ မြင်းကကုန်းကျေးရွာနှစ်ခုကို ဖြတ်ပြီး မနက် ၃ ၄ နာရီလောက်မှာ ရောက်ရှိပါတယ် .. အဲဒီချိန်မှာ မီးတွေပျက်နေခဲ့ပါတယ် .. မြို့ခံအကိုတယောက်က အဖွဲ့ဝင်တွေ လာတိုင်း တည်းခိုနေကျ ဘုန်းကြီးကျောင်းကို ခေါ်ဆောင်လာပြီး အဲဒီမှာ နားနေခဲ့ပါတယ် .. မနက် ၁၁နာရီလောက်မှာ စက်လှေတစီးကို ငှားပြီး ၀ါးခယ်မကို ဆက်လက် သွားရောက်ဖို့ ဖြစ်ပါတယ် ..

မနက် ၁၁နာရီလောက်မှာ လှေဆိပ်ကနေ စတင်ထွက်ခွာပြီး ၀ါးခယ်မသို့ ဆက်လက်သွားရောက်ခဲ့ပါတယ် ..

ခုလို တင်ပြရတယ်ဆိုတာ အနယ်နယ်သို့ သွားရောက်ပြီး ကလေးတွေအတွက် တဖက်တလမ်းက ကူညီပေးနေတဲ့ သူတွေရဲ့ အခက်အခဲနဲ့ စေတနာကို အသိမှတ် ပြုနိုင်ဖို့ ဖြစ်ပါတယ် ..







ခရီးလမ်းတွေဟာ တကယ်တော့ မဝေးလှပါဘူး .. ဒါပေမယ့် လွယ်လွယ်ကူကူမသွားလာနိုင်ပါဘူး ..

ဝါးခယ်မကိုရောက်ပြီး အလှူရှင်တဦးမှ ထောက်ပံ့ပေးထားတဲ့ ညီမငယ်နဲ့ တွေ့ဆုံခဲ့ပါတယ် .. အခြား ကျောင်းတွေကတော့ ကျောင်းဖွင့်ချိန်မဟုတ်တဲ့အတွက် မရောက်ဖြစ်ခဲ့ပါဘူး .. ဒါပေမယ့် ဘယ်လို သွားလာရတယ်ဆိုတာကိုတော့ နားလည်နိုင်ခဲ့ပါတယ် ..

Kutho (http://www.kutho.org/)
Giving many helping hands

No comments:

Post a Comment