Monday, May 28, 2012

၂၀၁၁/၁၂ ပညာသင်နှစ် အောင်စာရင်း နှင့် ၂၀၁၂/၁၃ ပညာသင်နှစ်အတွက် အလှူငွေစတင်လှူဒါန်းနိုင်ပြီဖြစ်ကြောင်းအသိပေးခြင်း(Event on June 23rd)

ခင်မင်လေးစားရပါသော စေတနာရှင်များနှင့် မိတ်ဆွေများ အားလုံးကို "မင်္ဂလာပါ" လို့ နှုတ်ခွန်းဆက်သပါတယ်...

ကုသိုလ်အဖွဲ့  နှင့် Lotus Foundation တို့၏ ၂၀၁၁-၁၂ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့မှုအစီအစဉ် အတွက် စာရင်းရှင်းတမ်းတင်ပြခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း နှင့် စေတနာရှင်များ၏ အကြံပေးဆွေးနွေးမှု့ တို့ကို အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါ၍ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ပထမဆုံး အသိပေးလိုတာကတော့ ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် အောင်စာရင်းများ  လက်ခံရရှိပြီး ဖြစ်ပါတယ်။ (၁၀ တန်းအောင်စာရင်း မထုတ်ပြန်သေးပါ။)
သင်္ကြန်ပြီးနောက်ပိုင်း အောင်စာရင်းထွက်တာ ဖြစ်ပေမယ့် နယ်မြို့တွေ ဖြစ်နေတာကတစ်ကြောင်း၊ အကူညီပေးသူတွေဘက်မှ မအားလပ်ဖြစ်နေတာတွေကြောင့် တစ်ကြောင်း၊ အကြောင်းကြောင်းတွေကြောင့် အသိပေးနောက်ကျရခြင်းအတွက် နားလည်ပေးဖို့ ဦးစွာ တောင်းပန်လိုပါတယ်။ အလှူရှင်တချို့ အတွက် ကျောင်းသားတွေရဲ့ ပရိုဖိုင်များ မပို့ပေးနိုင်သေးတဲ့ အတွက်လည်း တောင်းပန်လိုပါတယ်။

ပညာသင်စရိတ် ထောက်ပံ့မှု လက်ခံရရှိသောကျောင်းသားများထဲမှ စာမေးပွဲကျရှုံးမှု (499ဦး အနက် 15 ဦး) တွေရှိပါတယ်။ အဲဒီကျောင်းသားတွေအတွက် အဖွဲ့ရဲ့ စည်းကမ်းအရ ပညာသင်စရိတ် ထောက်ပံ့မှုကို ရပ်ဆိုင်းပါတယ်။ ပညာသင်စရိတ် ထောက်ပံ့မှု လက်ခံရရှိသောကျောင်းသားများသည် တစ်နှစ်တစ်တန်း ပုံမှန်အောင်ရမည်ဖြစ်သည့် စည်းကမ်းကိုလည်း ကျောင်းသားတွေ၊ အုပ်ထိန်းသူတွေကိုလည်း ကြိုတင် အသိပေးအကြောင်း ကြားထားပါတယ်။  ခြွင်းချက်အနေနဲ့ကတော့ အလှူရှင်များဖက်မှ စာမေးပွဲကျရှုံးတဲ့ကျောင်းသားအတွက် ဆက်လက် ပံ့ပိုးပေးရန်ဆန္ဒရှိပါက ဆက်လက် ထောက်ပံ့ပေးသွားပါမှာပါ။
ယခုနှစ် ၂၀၁၂-၁၃ ပညာသင်နှစ်အတွက် အလှူငွေကောက်ခံမှုနှုန်းထားကတော့ ယခင်နှစ်ကအတိုင်း စာသင်နှစ် (၈)လကို (၂) လတစ်ကြိမ် (၄)ခါ ခွဲပြီး အောက်ပါနှုန်းထားများအတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။
မူလတန်း         - (၂) လအတွက် (S$ ၂၀)
အလယ်တန်း     - (၂) လအတွက် (S$ ၃၀)
အထက်တန်း     - (၂) လအတွက် (S$ ၄၀)
အလှူငွေကောက်မယ့်လတွေကတော့ မေလကုန်တစ်ကြိမ်၊ ဇူလိုင်လကုန်တစ်ကြိမ်၊ စက်တင်ဘာလကုန်တစ်ကြိမ်၊ နိုဝင်ဘာလကုန်တစ်ကြိမ် ဆိုပြီး (၄)ခါ ခွဲပြီး ကောက်ခံသွားမှာ ဖြစ်ပါတယ် ။
ပညာသင်စရိတ် ထောက်ပံ့ကြေး ဆက်လက် လှူဒါန်းလိုသူများအတွက် အလှူငွေများကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း အသိပေးလိုပါတယ်။ ယခုနှစ်အတွက် ပထမအကြိမ် ထောက်ပံကြေးကို ဇူလိုင်လဆန်းပိုင်း မှာ နောက်ဆုံးထားပြီး မြန်မာပြည်ဖက် လွှဲပြောင်းပေးဖို့ အတည်ပြုထားပါတယ်။

၂၀၁၁-၁၂ ပညာသင်နှစ် စာရင်းရှင်းတမ်း၊ စေတနာရှင်များ၏ အကြံပေးဆွေးနွေးမှု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကို အောက်ပါအစီအစဉ်တိုင်း ကျင်းပမည်ဖြစ်သောကြောင့် စေတနာရှင်များ မပျက်မကွက် တက်ရောက်ဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
စိတ်ဝင်စားသူများလည်း တက်ရောက်ပြီး အကြံပေးဆွေးနွေးဖို့ရာ လေးစားစွာဖိတ်ကြားပါတယ်။

နေ့ရက် ။       ။   23 June 2012 ( Saturday )
အချိန်   ။       ။   နေ့လည် 2:30 နာရီမှ 5:00 နာရီအထိ
နေရာ   ။       ။   ဆမ်းဘာဝမ်း ဓမ္မဥယျာဉ်ကျောင်း
Dhamma Garden Buddhist Society (Singapore)
Springs Estate 17 Jalan Sendudok, Singapore 769454
အခမ်းအနားအစီအစဉ်             ၁။  ။  ပညာသင်ထောက်ပံ့ခဲ့မှု အခြေအနေ အကျဉ်းချုပ်         
   ၂။  ။ ၂၀၁၁-၁၂ ပညာသင်နှစ် စာရင်းရှင်းတမ်းနှင့် အခြေအနေများ တင်ပြခြင်း         
   ၃။  ။ ၂၀၁၂-၁၃ ပညာသင်နှစ် အတွက် ရှေ့လုပ်ငန်းစဉ်မျာရှင်းလင်းခြင်း         
   ၄။  ။ အကြံပြုဆွေးနွေခြင်း         
   ၅။  ။ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း         
   ၆။  ။ Light Refreshments ဖြင့်ဧည့်ခံခြင်း
ကူညီလှူဒါန်းပေးမှုများအတွက် အလှူရှင်များ အားလုံးကို အထူးပင်ကျေးဇူးတင်ပါကြောင်း ထပ်မံ ပြောကြားလိုပါတယ် ။ လိုအပ်ချက်များ၊ နှောင့်နှေးကြန့်ကြာမှုများ အတွက် အလှူရှင်များရဲ့ စိတ်ထဲမှာ အလိုမကျမှုများ၊ အဆင်မပြေမှုများ ဖြစ်ခဲ့၊ ရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးဖို့ နှင့်  ပွင့်လင်းစွာအကြံပြုပေးကြပါလို့  ထပ်မံပြီး ပန်ကြားအပ်ပါတယ်။

Note: Attached with PDF Invitation & Location Map

ခင်မင်လေးစားစွာဖြင့်ကုသိုလ်အဖွဲ့ 

No comments:

Post a Comment